မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မက်မန်း ဧပြီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအားလပ်ရက်၌ ကျောင်းသား/ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို လက်ထောက် ညွှန်ကြားရေးမှူးက ပူပြင်းသည့် နွေရာသီ အားလပ်ရက်ဖြစ်သောကြောင့် ကျောင်းသား လူငယ်များသည် စာကြည့်တိုက်သို့လာရောက်၍ စာပေငှားရမ်းဖတ်ရှုခြင်း၊ စာပေလေ့လာခြင်း၊ ဗဟုသုတများအား အချင်းချင်းနှီးနှောလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ရန်လိုကြောင်း စာပေမှရရှိလာသည့် ဗဟုသုတများဖြင့် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာမှ K-G တန်းမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)