သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း healthy life style လူငယ် အသိပညာပေးသင်တန်းဖွင့်လှစ်သင်ကြား

သရက်ချောင်း  ဧပြီ    ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်း‌ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းကို သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဆရာ/ဆရာမများက မြို့ပေါ်ကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ဧပြီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ အာဟာရအကြောင်း သိကောင်းစရာ၊ အစာအုပ်စု(၃)အုပ်စု၊ အစာအမျိုးအမည်စုံလင်အောင်စားသုံးခြင်း၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ ကာကွယ်ဆေးအကြောင်းသိကောင်းစရာ၊ ကျန်းမာရေးနှင့်ညီညွတ်သောအပြုအမူများ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်၊ တကိုယ်ရေသန့်ရှင်း ရေးစသည့် ကျန်းမာရေးဆိုင်ရာအသိပညာပေးသင်ရိုးများကို PowerPoint ပြသ၍ စာတွေ့၊ လက်တွေ့နည်းများဖြင့် ရှင်းလင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)