ထန်တလန်မြို့နယ်တွင် အသက် ၆၀ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ထန်တလန်  နိုဝင်ဘာ ၆

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်း ဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင် သူများထံ သွားရောက်၍  ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက် ကောက်ခံခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲကောက်ခံရာတွင် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေးအဖွဲ့ဝင်များပါဝင်သော အဖွဲ့များက မဲရုံသို့ လာရောက်ဆန္ဒမဲပေးရန် လာရောက်နိုင်ခြင်းမရှိသော အသက် ၆၀ နှစ်နှင့် အထက်သက်ကြီးရွယ်အို ဘိုးဘွားများ၊ မီးဖွားထားသူများနှင့် ကျန်းမာရေးမကောင်းသူများအား မဲပေးပိုင်ခွင့်မရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျေးရွာကော်မရှင် အဖွဲ့ခွဲများနှင့် တာဝန်ရှိသူ များက အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)