နောင်မွန်မြို့နယ်၌ အသက်(၆၀)နှစ်အထက်နှင့် မဲရုံတာဝန်ကျဝန်ထမ်း(၅၀၂)ဦး ကြိုတင်မဲပေးမှု ပြီးစီး

နောင်မွန်  နိုဝင်ဘာ  ၆

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ စီစဉ်သည့်နေရာများ၌ ကြိုတင်မဲများပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့အထိ ကြိုတင်မဲပေးပြီးသူ စုစုပေါင်း(၅၀၂)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။    

အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်မဲပေးခြင်းဖြစ်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲများအား သတ်မှတ်နေရာများ၌ ကိုယ်တိုင်သွားရောက်ပေး ခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲသူများကိုလည်း အိမ်တိုင် ရာရောက် ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း ရပ်ကွက်ကျေးရွာအုပ်စု၌ တာဝန်ကျသည့် ဝန်ထမ်းများလည်း ဒေသအခက်အခဲများကြောင့် ကြိုတင်မဲများပေးခဲ့ကြောင်း သိရသည်။     

နောင်မွန်မြို့နယ်အနေဖြင့်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်သည့်အသက် ၁၈ နှစ် ပြည့်ပြီးသူပေါင်း ၄၈၉၉ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။

မြနန်း(ပြန်/ဆက်)