မိုးနဲမြို့၌ မဲရုံများပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မိုးနဲ   နိုဝင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ သတ်မှတ်မဲရုံများ ကြိုတင်ပြင်ဆင်ခြင်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် နာရီက ပြည်နယ်နှင့်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။                                     

မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် (လင်းခေးခရိုင်တာဝန်ခံ) ဦးထွန်းနိုင် ၊လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်ထွန်း ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်နှင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာနယ်မြေများ၌ မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုးနဲမြို့နယ်အတွင်း(ကျိုင်းတောင်းမြို့)အပါအဝင် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ အုပ်စုတွင် မဲရုံပေါင်း ၃၁ ရုံထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၂၈၈၁၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)