နွားထိုးကြီး၊ နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ အား မဲပေးခွင့်မဆုံးရှုံး စေရေး အတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကြိုတင်မဲလာရောက်ပေးရန်ခက်ခဲသည့် သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်း သူများအား မဲပေးခွင့် မဆုံးရှုံးစေရေးအတွက်ကျန်းမာရေးနှင့်အညီ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေး နိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကကြိုတင် ဆန္ဒမဲပေးနိုင်ရေးအိမ်တိုင်ရာ ရောက်လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
နွားထိုးကြီးမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှစ်နှင့် အထက်မဲပေး ခွင့်ရှိသူ(၂၆၀၀၀)ကျော်နှင့် မသန်းစွမ်းသူများမဲပေးခွင့်ရှိသူ(၁၆၀၀)ကျော် ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)