မိုင်းရယ် နိုဝင်ဘာ ၆
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင် များနှင့် ပြည်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား ကြိုတင်ဆန္ဒမဲပုံး အတွင်း ထည့်သွင်းခြင်းအား ယနေ့ မွန်းလွဲ(၂)နာရီက မိုင်းရယ် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် နိုင်ငံခြားရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ပြန်/ဆက်ဦးစီးမှူးတို့က အသိသက်သေများ၊ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲပုံး အတွင်းသို့ ထည့်သွင်းခဲ့သည်။
မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် ပြည်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲများမှာ နိုင်ငံခြားရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲ(၁၉)ဦးနှင့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲ(၁၄၅)ဦး စုစုပေါင်း (၁၆၄) ဦးဖြစ်ကြောင်း သိရှိရသည်။
ပိုင်ပိုင်သွင်