ညောင်ဦး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၀ပြည့်နှစ် ၊နိုဝင်ဘာလ ၈ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း (ခရိုင်အုပ်ချုပ်ရေးမှူး)က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ကျောက်ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တည်ငြိမ် အေးချမ်း အောင်မြင်စွာ ပြည်သူများဆန္ဒမဲ ပေးနိုင်ရေး၊ မဲရုံများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများစုံလင်စွာ အချိန်မီဖြန့်ပေးနိုင်ရေး၊ မဲရုံအတွင်း စည်းအပြင်စည်းများတွင်လုံခြုံရေး အထူးဂရုပြုစောင့်ကြပ်ရေးတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ရှင်းလင်း ပြေားကြားသည်။
ဆက်လက်၍ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ဝင်းက ညောင်ဦး ခရိုင်အတွင်းရှိ မြို့နယ်များတွင် လုံခြုံရေးဆိုင်ရာစီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ဆွေးနွေးတင်ပြကာ ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမင်းသန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ၊ကျောက်ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆန္ဒမဲပေးပြီးသော မဲလက်မှတ်များအဆင်ပြေ ချောမွေ့စွာနှင့် လုံခြုံစိတ်ချစွာသယ်ယူပို့ဆောင်မှုအစီအစဉ်များ ၊နိုဝင်ဘာ ၈ရက်နေ့ ဆန္ဒမဲပေးပြီး မဲလက်မှတ်များလုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများကရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ကိုထိန်၊KPD