ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန်ပစ္စည်းများ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်

ခေါင်လန်ဖူး  နိုဝင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးမြိုနယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ်ယာဉ်အသုံးပြုကာ ပို့ဆောင်ပေးခဲ့သည်။

ခေါင်လန်ဖူး မြို့နယ်တွင် ရပ်ကွက် လေးရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) အုပ်စု၊ မဲရုံပေါင်း (၃၆) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၈၉၀၉)တို့ ကိုဗစ်-၁၉ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရေး အချိန်မီဖြန့်ဝေပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ အကာအကွယ်ပစ္စည်းများဖြစ်သည့် kN-95 Mask (၇၈၅၆)ခု၊ PPE Cover All(၁၈၀)ခု၊ Goggle(၁၈၀)ခု၊ Face Mask များ၊ Boot (၁၈၀)ခု၊ Surgical Gloves (၁၈၀)ခု ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)