မေတ္တာမြို့အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မေတ္တာ  နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား မန်နေ့ နံနက် ၁၀ နာရီခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းလင်း နှင့်မေတ္တာမြို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မေတ္တာမြို့အတွင်းရှိ မဲရုံပြင်ဆင် ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များအညီ စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများအား တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (မေတ္တာပြန်/ဆက်)