ပျော်ဘွယ် ဧပြီ ၂၉
ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာအုပ်၊ ကုက္ကိုခါးလှကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် ဂိုထောင်အဟောင်းတစ်လုံး ဧပြီလ(၂၈)ရက်၊ ညနေ (၃)နာရီကျော်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဂိုထောင်အဟောင်းအတွင်း အသုံးပြုသည့် ထမင်းချက်သည့်မီးဖို၏ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး အလျားပေ(၃၀)၊ အနံ (၁၅)ပေရှိ ထရံကာ၊ ဝါးကပ်မိုး၊ မြေစိုက် ဂိုထောင်အဟောင်းတစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)