ရွှေသောင်ယံမြို့တွင် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ စစ်ဆေး

ရွှေသောင်ယံ နိုဝင်ဘာ ၇

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန် စီစဉ်ထားသော ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိမဲရုံများအား စစ်ဆေးဆောင်ရွက် ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများပါဝင်သော အဖွဲ့မှ လိုက်လံစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်အတွင်းရှိမဲရုံ(၃)ရုံနှင့်သဲကုန်းကျေးရွာ အုပ်စု၊ သဘော့ ကန်ကျေးရွာ အုပ်စုအတွင်းရှိ မဲရုံများအား လိုက်လံစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ၊ မဲရုံမှူး ၊ ဒုမဲရုံးမှူးများနှင့်တွေ့ဆုံကာ လိုအပ်သည်များအား မေးမြန်း မှာကြားခြင်း၊ ပြည်သူများလွတ်လပ်စွာ မဲပေးနိုင်ရန် စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားမှုများ အပေါ်ကြည့်ရှုစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ညွှန်ကြားချက်များအတိုင်း အထူးဂရုစိုက် ဆောင်ရွက်ကြရန်၊ မဲရုံလုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ကြရန် စသည်ဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီအောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်၊ ပြန်/ဆက်