ကော့သောင်းမြို့ရှိ ရွှေကျွန်းပုလဲမွေးမြူရေးစခန်းကမ်း‌‌ခြေတွင် စုပေါင်းအမှိုက်ကောက် Campaign ပြုလုပ်

ကော့သောင်း ဧပြီ ၂၉

ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ကော့သောင်းမြို့နယ်၊ ရွှေကျွန်းတွင် မုတ်ကောင်သားဖောက်၍ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဘဲပါးလ်မြန်မာကုမ္ပဏီလီမိတက်၏ ရွှေကျွန်းပုလဲမွေးမြူရေးစခန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ Observer အပါအဝင် ကျွန်းစခန်းရှိ ဝန်ထမ်းများဖြင့် ပူးပေါင်း၍ ရွှေကျွန်း၏ အနောက်ဘက် ကမ်းစပ်တွင် ပင်လယ်ရေနှင့်အတူမျှောပါလာခဲ့ပြီး သောင်တင်ကျန်ရှိနေသော အမှိုက်များအား စုပေါင်းအမှိုက်ကောက်ခြင်းလှုပ်ရှားမှုကို ဧပြီလ(၂၈)ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပင်လယ်ကမ်းခြေအလှတရား မပျက်စီးရန်၊ မိမိတို့ဒေသအမှိုက်ကင်းစင်၍ သန့်ရှင်းသာယာရေးတို့အတွက် ယခုကဲ့သို့ အမှိုက်ကောက် Campaign ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများအား အသိပညာပေးဟောပြောခြင်းများနှင့် ပလတ်စတစ်အမှိုက်များပေါများရာ နေရာများတွင်လည်း အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ လက်တွေ့လုပ်‌‌ဆောင်တတ်‌‌စေရန်အတွက် အမှိုက်ကောက် Campaign များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)