ကျွန်းစု နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲရုံများအား ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေများ ကွင်းဆင်း စစ်ဆေးခဲ့ကာ ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံ ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁သိန်း၁သောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)