ဝါးခယ်မ နို၀င်ဘာ ၇
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများအား စင်တင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရေး Home Garden နည်းပညာများ၊ မျိုးစေ့နှင့်ပျိုးပင်များကို ယမန်နေ့ (၁၀)နာရီက တောင်သူများ လက်၀ယ်အရောက် ဖြန့်ဖြူးပေးခဲ့သည်။
လ ကာလအတွင်း တောင်သူများ လယ်ယာလုပ်ငန်းများအပြင် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရအောင် မိမိနေအိမ်ခြံ၀န်းအတွင်း စင်တင်သီးနှံများဟင်းသီး၊ ဟင်းရွက်(၁၀)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေး အတွက် ဝါးခယ်မမြို့နယ်ရှိ သဲကုန်းကျေးရွာ ၊ အူကျွန်းကျေးရွာ ၊ ကြခတ်ကုန်းကျေးရွာ ၊ ကြာဖြူကျေးရွာ၊ ဦးကြီးထော်ကျေးရွာများ ရှိတောင်သူများအား Home Garden နည်းပညာများ၊ မျိုးစေ့နှင့်ပျိုးပင်များကို တောင်သူများလက်၀ယ်အရောက်ဖြန့်ဖြူး ဆောင်ရွက်ပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စောသန္တာဦး(ပြန်/ဆက်)