ဆွမ်ပရာဘွမ် နိုဝင်ဘာ ၇
၂၀၂၀ပြည်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်မဲရုံများ ကြိုတင်ပြင်ဆင်နေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲရုံများသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲများပေးနိုင်ရေး အတွက် အဆင့်သင့်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာ(၉)အုပ်စုရှိ မဲရုံ(၁၂)ရုံးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက မိမိတို့တာဝန်ကျရာမဲရုံများကို စစ်ဆေးလျက်ရှိပြီး ဆန္ဒမဲလာ ရောက်ပေးမည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအတွင်း ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာ လွှတ်တော်မဲပုံများ စနစ်တကျ ခင်းကျင်းထားရှိမှု အခြေအနေများကို လိုက်လံကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း သက်ဆိုင်ရာ လွှတ်တော်နေရာအသီးသီး၌ ကိုယ်စားလှယ်လောင်း (၁၇) ဦးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး တို့က နိုင်ငံရေးပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း (၁၂) ရုံဖြင့် ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူပေါင်း ၂၇၈၆ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကုဋေ (ပြန်/ဆက်)