ထားဝယ် မေ ၂
မေလ ၁ ရက်နေ့ ယမန်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အလုပ်သမားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် video clip အားလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်သမားရေးရာကိစ္စများဆောင်ရွက်ပေးမှုမှတ်တမ်းဓါတ်ပုံများအား လည်းကောင်း ကြည့်ရှုအားပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက် (၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိရာ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့တွင် ခင်းကျင်းပြသထားသည့်တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများ၊ ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်များ MSMEထုတ်ကုန်ပစ္စည်းအရောင်းပြခန်းတွင် လုပ်ငန်းရှင်များမှ ထုတ်လုပ်သောဒေသထုတ်ကုန်ပစ္စည်းများ စုစုပေါင်းအရောင်းပြခန်း(၁၈)ခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)