ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဘုတ်ပြင်း မေ ၂      

၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိစေတီတော်၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်းကာ စေတီတော်နှင့်ရင်ပြင်တွင် ရေဖြင့်ဆေးကြောသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရင်ပြင်အပြင်ဘက်နှင့်ဘုရားစောင်းတန်းတို့တွင် သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)