ကော့သောင်း မေ ၂
၂၀၂၄ ခုနှစ်၊ မေ လ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့နံနက်(၈)နာရီ အချိန်က ဆိုင်းဘုတ်စိုက်ထူခြင်းကို ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးဝန်းတွင် ဆောင်ရွက်ခဲ့ပြီး စုပေါင်းသန့်ရှင်းရေးကို ကော့သောင်းမြို့၊ ပြည်တော်အေးစေတီတော်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်း ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်ဆိုင်းဘုတ်အား စိုက်ထူ၍ အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းခဲ့ကြသည်။ ယင်းနောက် ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၆+၁၂)ဦး အရန်တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် မိသားစုဝင်များ၊ ကော့သောင်းခရိုင်/မြို့နယ်စည်းထိန်းကော်မတီဝင်များမှ ပြည်တော်အေးစေတီတော်သို့သွားရောက်၍ ဘုရားစေတီတော်ရင်ပြင်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ တံမြတ်စည်းလှဲခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)