တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

တနင်္သာရီ မေ ၂

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မေလ၁ရက်နေ့ နံနက် ၇ နာရီအချိန်မှစပြီး အထင်ကရနေရာများဖြစ်သည့် မြဝတ်ဆင်စေတီတော်နှင့် ရှင်မအောင်သာကျောက်တိုင်တို့တွင် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်(၁၃)ဦး၊ မြို့နယ်မီးသတတပ်ဖွဲ့မိသားစုစည်းရုံးရေး နှင့်စည်ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာလင်းနှင့်တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် ဝန်ထမ်းများ(၁၅)ဦး၊ မြိတ်လေ ကြောင်းရန်တပ်ဖွဲ့မှ ဗိုလ်မှူးဇော်ဇော် အောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်ဇော်နှင့်တပ်ဖွဲ့ဝင်(၉)ဦးတို့ ပူးပေါင်း၍  မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မြဝတ်ဆင်စေတီတော် ရင်ပြင်ပတ်ပတ်လည်နှင့်အထက်ပစ္စယံများ၊ ဂြိုဟ်ခွင်ဘုရားများတို့တွင် မီးသတ်ရေယာဉ်ရေပန်းဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ မိသားစု စည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာလင်းနှင့်တပ်ဖွဲ့ဝင် အမျိုးသမီးများက တနင်္သာရီမြို့၏ ဦးမျိုးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များမြို့တည်/နန်းတည် ရှင်မ အောင်သာကျောက်တိုင်အတွင်း ရင်ပြင်နေရာများ၌ မီးသတ်ရေယာဉ်ရေပန်းဖြင့် ဆေးကြောသန့်ရှင်းပေးကြပြီး အမှိုက်သရိုက်များကိုလည်း ရှင်းလင်းဖယ်ရှားပေးကြသည်။

ဆက်လက်၍ (၇၇)နှစ်မြောက်၊မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် (၈ပေ-၆ပေ) အရွယ်မြေစိုက်ပိုစတာကြီးကို ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်စခန်း အရှေ့မျက်နှာစာနေရာတွင်ပြည်သူအများမြင်သာအောင် စိုက်ထူပေးကြကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)