ထားဝယ် မေ ၂
တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း က အမှတ်(၁၂) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုအား လိုက်လံ ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းနေသူများကို အားဖြည့်ဆေးဝါးများနှင့် အာဟာရဖြည့် အစားစာများကို ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှတ်(၁၂) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)မှ ပါရဂူ၊ သူနာပြုနှင့် ဆရာဝန်များအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံသည်။
(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်ရေး ပြုလုပ်ခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)