ထားဝယ် မေ ၂
၂၀၂၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါသည့် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလေ့လာရေး ခရီးစဉ် သွားရောက်ရာမှ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လူရည်ချွန် ကျောင်းသား/သူများအနေဖြင့် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသည့် လေ့လာရေးခရီးစဉ် ဒေသရဗဟုသုတများကို သွားရောက်လေ့လာခဲ့ပီးဖြစ်ကြောင်း၊ နောင်များတွင်လည်း ပါဝင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး လူရည်ချွန် ကျောင်းသား/သူများက လေ့လာ ရေးခရီးစဉ်များအပေါ် ကြုံတွေ့ရသော ဗဟုသုတများကို မျှဝေပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
၂၀၂၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါသည့်ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလေ့လာရေး ခရီးစဉ်သို့ ဧပြီ(၂၂)ရက်နေ့မှ ထားဝယ် လေဆိပ်မှထွက်ခွာရာ ယနေ့ မေ (၂) ရက်နေ့တွင် ပြန်လည်ရောက်ခြင်းဖြစ်ပြီး အလားတူပင် မြိတ်လေဆိပ်တွင်လည်း လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)