ခမောက်ကြီးမြို့တွင် စေတနာရှင်များက သောက်သုံးရေများ လှူဒါန်းပေး

ခမောက်ကြီး      ဧပြီ    ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နွေရာသီကာလ၌ ရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီဖြစ်သဖြင့် သောက်သုံးရေလိုအပ်နေသည့် ရပ်ကွက်နေပြည်သူများအား ခမောက်ကြီးမြို့နေစေတနာရှင်မိသားစုများက သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် စေတနာရှင်မိသားစုများက ခမောက်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် အနီးတဝိုက်တွင် ရေရှားပါး၍ ‌သောက်သုံးရေလိုအပ်နေသူများထံသို့ ရေကားတစ်စီးဖြင့်အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြ‌ပြီး ထပ်မံ၍လည်း ရေရှားသည့်နေရာများသို့ ရေလှူဒါန်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)