ထားဝယ် မေ ၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဌာနပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ အသင်းသားများအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တာဝန်ရှိသူများက အသင်းမှ အသင်းသား (၂၃၆) ဦး အတွက် စုဆောင်းငွေပေါ် အတိုး (၁၃၄၈၇၆၅၅)ကျပ်၊ အစုပေါ်အမြတ် (၇၉၄၈၆၀) ကျပ်၊ အသင်းသားများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန် အသင်းသားများအား ထောက်ပံ့ငွေ (၄၀၉၆၀၀၀)ကျပ် ထုတ်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)