လားရှိုး မေ ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက (Community Centre) ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားမှူးသင်တန်း (၁/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ (၃၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)