လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre Lashio ) တွင် ကွန်ပျူတာအခြေခံသင်တန်း၊ ပန်းအလှပြင် ပန်းအလှဆင်သင်တန်းနှင့် အခမ်းအနားမှူးသင်တန်းများ ဖွင့်လှစ်

လားရှိုး မေ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၄)၊ ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၁/၂၀၂၄) နှင့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို မေလ ၂ ရက်နေ့ နံနက်(၉)နာရီခွဲက အဆိုပါ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဒေသဖွံ့ဖြိုးရေးအထောက်အကူဖြစ်စေသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့်အတွက် အကျိုးရှိထိရောက်စွာ တက်ရောက်သင်ယူရေး အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး  ဦးလှဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre Lashio)၌ ဖွင့်လှစ်သည့် လေးရက်ကြာဖွင့်လှစ်မည့် ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ (၄၅) ဦး၊ တစ်လကြာဖွင့်လှစ်မည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သို့ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး ၊ နှစ်ရက်ကြာဖွင့်လှစ်မည့် အခမ်းအနားမှူး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၂) ဦး တက်ရောက်လျက်ရှိသည်။

အလားတူ ပန်းအလှဆင်၊ ပန်းအလှပြင်သင်တန်း သင်တန်းအမှတ်စဉ် (၂) နှင့် အမှတ်စဉ် (၃) တို့ ဆက်လက်ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူတစ်ကြိမ်လျှင် (၄၅) ဦးစီ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)