လွိုင်လင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဆွေးနွေးပွဲကျင်းပ

လွိုင်လင် မေ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွိုင်လင်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန ခန်းမတွင်ကျင်းပပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်ရေးရာဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်း ပြောကြားပါသည်။ ထို့နောက် လူငယ်ရေးရာဆွေးနွေးပွဲကိုကျင်းပရာ လွိုင်လင်မြို့ အ.ထ.က(၁) ကျောင်းသား/သူ (၂) ဦး နှင့် အ.ထ.က(၃) မှ ကျောင်းသူ (၂) ဦးတို့က လူငယ်နှင့်လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုးဆိုးကျိုးများကိုလည်းကောင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာများကိုလည်းကောင်း၊ လူငယ်နှင့်အားကစားဆိုင်ရာများကိုလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာများကိုလည်းကောင်းအသီးသီးဆွေးနွေးကြသည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြ ကြောင်းသိရသည်။

အဆိုပါလူငယ်ရေးရာဆွေးနွေးပွဲသို့ ဖိတ်ကြားထား‌သော ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ(၆၀)ဦး တက်ရောက်ကြကြောင်းသိရသည်။

လွိုင်လင်မိုး ( ခရိုင်ပြန်/ဆက်)