ရှင်ဗွေယန်မြို့၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ရှင်ဗွေယန်       နိုဝင်ဘာလ    ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့အဆင့်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများက ယမန်နေ့ နံနက်(၁၁) နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြို့အဆင့်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့အုပ်ချုပ်ရေးမှုးဦးဇော်အောင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများစိတ် အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဌာန ဆိုင်ရာများ မိမိတို့တာဝန်ကျသော ရပ်ကွက်/ ကျေးရွာများရှိ မဲရုံများသို့ တာဝန်ထမ်းဆောင်ရန်နှင့် ရှင်ဗွေယန်မြို့ နယ်မြေရဲစခန်းမှူးရဲအုပ်ကျော်သူထက်မှ မဲရုံလုံခြုံရေး ဆိုင်ရာ များ ဆွေးနွေးခြင်း လိုအပ်ပါကအချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

လင်းသွယ်ဦး( ပြန်/ဆက်)