ကျွန်းစုမြို့တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ကျွန်းစု မေ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်က (၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး မြို့နယ်မီးသတ်စခန်းသို့ အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့သော ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ယူနီဖောင်းဝတ်ပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ (၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ မီးသတ်ကျင့်ဝတ်ဖြေဆိုသည့် ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့် တစ်နှစ်တာ အိမ်ထောင်သည်လိုင်ခန်း အသန့်ရှင်းဆုံး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းဇော်က  (၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုချီးမြှင့်‌ငွေ (၅) သိန်းကျပ်၊ ဂုဏ်ပြုသစ်သီးခြင်းနှင့် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူးက လက်ခံရယူခဲ့ပြီး ဌာနချုပ်မှူးနှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက မီးငြှိမ်းသတ်ရေးနှင့် ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)