ကော့သောင်းခရိုင်မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအားနွေးထွေးပျူငှာစွာဂုဏ်ပြုကြိုဆို

ကော့သောင်း မေ ၅

၂၀၂၄ ခုနှစ်၊ ကော့သောင်းခရိုင်မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါသည့် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလေ့လာရေးခရီးစဉ်သွားရောက်ရာမှ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိရာကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးလူရည်ချွန်ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့်တာဝန်ရှိသူများ လိုက်ပါသည့် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလေ့လာရေးခရီးစဉ်သို့ ဧပြီ(၂၂)ရက်နေ့မှ ထားဝယ်လေဆိပ်မှထွက်ခွာခဲ့ပြီး ယနေ့တွင် ကော့သောင်းလေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ လူရည်ချွန်ကျောင်းသား/သူ(၄)ဉီးအား သက်ဆိုင်ရာတာဝန်ရှိသူများက နွေးထွေးပျူငှာစွာဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသား/သူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ကော့သောင်းမြို့နယ်ဂုဏ်ဆောင် အ.ထ.က(၁)ကျောင်းမှ Grade-11 လူရည်ချွန်ကျောင်းသား မောင်ဝိုင်လင်းထူးနှင့် အ.ထ.က(ခွဲ)အ.လ.က-၂(ရွှေမင်းဝံ)ကျောင်းမှ Grade-9 လူရည်ချွန်ကျောင်းသားမောင်ခန့်ဝေယံကျော်တို့အား ကြိုဆိုရေးယာဉ်တန်းများဖြင့် မြို့အတွင်းလှည့်လည်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)