မိတ္ထီလာ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်ကမှ စတင်၍ မဲဆန္ဒရှင်များက အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက မိမိတို့ရပ်ကွက် ကျေးရွာများရှိ သက်ဆိုင်ရာ မဲရုံများသို့ အသီးသီး သွားရောက် ဆန္ဒမဲပေးလျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မသန်းစွမ်းမဲဆန္ဒရှင် ၁၄၉၄ ဦး၊ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၁၃၃ ဦး အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅၉၀၃၀)ဦးပြီး မဲရုံ (၂၉၁)ရုံကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် နှင့်အညီ အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)