မိုင်းခတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေး

မိုင်းခတ်  နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်ရှိမဲရုံများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီမှစတင်ကာ မိမိမဲဆန္ဒနယ် မဲရုံများတွင် စတင်ပေးလျက်ရှိသည်။

ထိုသို့မဲပေးရာတွင် သက်ဆိုင်ရာမဲရုံမှူးများက မဲပုံးအလွတ်ဖြစ်ကြောင်းကို မဲရုံကိုယ်စားလှယ်များရှေ့တွင် ကြေညာပေးပြီး ဆန္ဒမဲများအေးချမ်းစွာပေးလျက်ရှိသည်။ ဆန္ဒမဲပေးရန်လာရောက်သည့် ပြည်သူများကို နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးရည်ဖြင့်လက်ဆေးစေခြင်းနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ ၆ပေခွာ၍ စနစ်တကျဆောင်ရွက်ပေးပြီး မဲရုံအတွင်းဝင်ရောက် ဆန္ဒမဲပေးစေလျက် ရှိပြီး မိုင်းခတ်မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်တွင် ဆန္ဒမဲပေးမည့်သူပေါင်း (၅၀၄၉)ဦးရှိကြောင်း သက်ဆိုင်ရာမဲရုံမှူး များထံမှ သိရသည်။

မိုးဒေ(ပြန်/ဆက်)