ဖျာပုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ

ဖျာပုံ  နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မြို့နယ်အတွင်း သက်ဆိုင်ရာမဲရုံများ၌ ကျင်းပကြသည်။

ဖျာပုံမြို့နယ်အတွင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်ဖြစ်၍ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရေ အသုံးပြုခြင်း၊ မျက်နှာအကာတပ်ဆင်ခြင်း၊ လက်အိတ်များဝတ်ဆင်စေခြင်း စသည်တို့ ပြုလုပ်ပေးပြီး တစ်ဦးနှင့်တစ်ဦး (၆)ပေကွာ နေစေပြီး မဲရုံအတွင်းသို့ နံနက်(၆)နာရီအချိန်မှစတင်ကာ ဆန္ဒမဲများ လာရောက်ပေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ပြန်/ဆက်)