လေးမျက်နှာမြို့နယ်တွင် ပြည်သူများ ဆန္ဒမဲပေး

လေးမျက်နှာ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် နိုဝင်ဘာလ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက် ပေးလျက်ရှိကြောင်း သိရသည်။

မဲရုံအသီးသီးသို့ လာရောက် ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံတာဝန်ရှိသူများ အဖျားတိုင်းခြင်း၊ ရေမလို လက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး ပေ ကွာခြား၍ နေရာချပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၈၃၄၅၇)ဦး၊ မဲရုံပေါင်း(၁၈၈)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)