ကာလိမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

ကာလိ  နိုဝင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကာလိမြို့ပေါ် (၆)ရပ်ကွက်မှ မဲရုံ(၆)ရုံနှင့် ကျေးရွာအုပ်စု(၅)အုပ်စုမှ မဲရုံပေါင်း(၁၅)ရုံကို ယနေ့ နံနက် (၆)နာရီအချိန်မှစတင်၍ မဲရုံများတွင် စတင်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက်မဲပေးနိုင်စေရန်အတွက် ဆန္ဒမဲပေးရန် လာရောက်သည့် အများပြည်သူတို့ကို နှာခေါင်းစည်းများ ဖြန့်ဝေတပ်ဆင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊  လူစုလူဝေး မဖြစ်စေရန် Social Distancing နှင့်အညီ ခမ်ခွာခွာနေထိုင်စေခြင်း စသည်တို့ကို  စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီးမှ မဲရုံတွင်းသို့ ဝင်ရောက် ဆန္ဒမဲပေးစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကျော် (ကာလိ၊ပြန်/ဆက်)