ပြည်ကြီးမဏ္ဍိုင်မြို့၌ ရေခက်ခဲသည့်ရပ်ကွက်များသို့ ရေလှူဒါန်းပေး

ပြည်ကြီးမဏ္ဍိုင် မေ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် နွေရာသီကာလ၌ အပူချိန်မြင့်မားပြီး ရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီဖြစ်သဖြင့် ရေခက်ခဲသည့် ရပ်ကွက်နေပြည်သူများအား မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က လေညာအနောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အပူချိန်မြင့်မားနေသည့်အတွက် ဒေသခံပြည်သူများ ရေပြတ်လပ်သည့်အခက်အခဲများကို ကူညီဆောင်ရွက်သည့်အနေဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေရှားပါးသည့်ရပ်ကွက်များတွင် ရပ်ကွက်နေပြည်သူများ ရေရရှိရေးအတွက် မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၆၀၀၀)အား လေညာအားကစားကွင်းရှိကန်မှ ရေရှားပါးသည့် ပြည်သူများထံသို့ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)