ငါ့သရောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆပ်ပြာရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ငါ့သရောက်   မေ  ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအးမိုးက ဆပ်ပြာရည်ပြုလုပ်နည်း လုပ်ငန်းအဆင့်ဆင့်နှင့် ထည့်သွင်းအသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများ၏ အချိုးအစားကို ရှင်းလင်းပြောကြားပြီး ဆပ်ပြာရည်ကို မီးဖိုချောင်းသုံးအဖြစ် ပန်းကန်ခွက်များ ဆေးကြောသန့်စင်ရာတွင်လည်းကောင်း၊ အဝတ်လျှော်ရာအတွက်လည်းကောင်းအသုံးပြုနိုင်ကြောင်းနှင့် မိသားစု အပိုဝင်ငွေ ရရှိစေရန်လည်း တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် ဆပ်ပြာရည်ပြုလုပ်နည်းမှ ရရှိလာသည့် ဆပ်ပြာရည်ဘူးများကို ဝန်ထမ်းများနှင့် သင်တန်းတက်ရောက်လာသူများအား တစ်ဘူးစီဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)