တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာ မေ ၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော  နွေရာသီ အားလပ်ချိန်တွင် ကျောင်းသား/ကျောင်းသူများ     အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို မေလ(၈)ရက်၊ နံနက် (၉)နာရီ အချိန်က သင်တန်းဖွင့်ပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က အင်္ဂလိပ်စာသင်တန်းကာလတစ်လျှောက် ဆရာကြီး၏ သင်ကြားပို့ချခဲ့မှုအား လက်တွေ့ကျောင်းစာများ၌ အထောက်အကူများ ရရှိမှာဖြစ်သဖြင့်  လေ့လာမှတ်သား ထားသင့် ပါကြောင်း၊ လူငယ်များပီပီ  အမြဲတမ်း တက်ကြွနေရမှာဖြစ်ကြောင်း၊ ယနေ့လူငယ်  နောင်ဝယ် လူကြီးများ ဖြစ်လာမှာဖြစ်သဖြင့် အနာဂတ် သားကောင်း/သမီးကောင်းရတနာများ ဖြစ်လာမှာ ဖြစ်သဖြင့် ကျောင်းစာကို ကြိုးစားသင်ယူပြီး လိမ္မာယဉ်ကျေးကြစေလိုကြောင်းနှင့် နည်းပြဆရာ ဦးစိုးနိုင်အား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြ  ဆရာဦးစိုးနိုင်က  ပြောကြားရာတွင် နွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းသား/ကျောင်းသူများအတွက်  ယခုလိုသင်တန်းကို စီစဉ်ပေးပါသော  ပြန်/ဆက်ဦးစီးဌာနအား  အထူးကျေးဇူးတင်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့်  ဆရာ သင်ကြားခဲ့မှုများအား မှတ်သားထားသင့်ကြောင်း၊ ကျောင်းသားအရွယ်မှာ ကျောင်းစာကို  အထူးကြိုးစား သင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းအား (၈-၅-၂၀၂၄) ရက် စတင်ဖွင့်လှစ်သည့်နေ့မှ စတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက သင်တန်းတက်လာသူ ကျောင်းသား/ကျောင်းသူများအား အနီးကပ်ကြီးကြပ်   ဆောင်ရွက်ပေးလျှက်ရှိပြီး သင်တန်းနားချိန်၌ အချိုရည်နှင့် မုန့်များ ဧည့်ခံကျွေးမွေးပြီး    သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများကိုလည်း  ပံ့ပိုးကူညီပေးလျှက် ရှိကြောင်းနှင့် ယင်းသင်တန်းကို မေလ(၈)ရက်နေ့မှ မေလ( ၁၀ )ရက် နေ့အထိ နံနက်(၉)နာရီမှ (၁၁)နာရီအထိနေ့စဉ် ပို့ချဆောင်ရွက်လျက်ရှိပြီးဖြစ်၍ ယင်းသင်တန်းသို့   အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းမှ  Grade-6 ကျောင်းသား/ ကျောင်းသူ(  ၁၃  ) ဦး  တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)