ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြင့်တင်ရေး ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ကျောက်တလုံးကြီး မေ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သည့် ပြည်သူ့ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအား စာအုပ်/စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာနှင့် ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့သည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ စသည့် ဗဟုသုတရဖွယ် စာအုပ်ပေါင်း (၁၀၀)ကျော်ဖြင့် ကွင်းဆင်းငှားရမ်းပေးရာ ပြည်သူ့ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများက စိတ်အားထက်သန်စွာဖြင့် ငှားရမ်းခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောက်တလုံးကြီးမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များသို့  Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို တစ်လလျှင် (၂)ကြိမ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)