ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာ(ဗွီနိုင်း)များ စိုက်ထူ

ကော့သောင်း မေ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာ(ဗွီနိုင်း)များ စိုက်ထူခြင်းများကို  ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ အထင်ကရနေရာများတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးပိုစတာများ စိုက်ထူရာတွင် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင်နှင့်မြို့နယ်ပညာရေးမှူး‌‌များနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများက ကျောင်းနေအရွယ်က‌‌လေးများအားလုံး ‌အ‌ခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့မြေစိုက်ပိုစတာ(ဗွီနိုင်း)များအား ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ အဝိုင်းပတ်အနီး၊ အဏ္ဏဝါရပ်ကွက်ရှိ ဆိပ်ကမ်းသာပန်းခြံအရှေ့နှင့် သီရိမြိုင်ရပ်ကွက်ရှိ မြို့ဦးစေတီအနီးတို့တွင် စိုက်ထူခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ခုနှစ်၊ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် ‌တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)