ပုလော မေ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်ကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့နယ် ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်ကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မိဘပြည်သူများ တက်ရောက်စိုက်ထူခဲ့ပေးခဲ့ကြကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး၊ ကျောင်းနေနှုန်း၊ ကျောင်းတက်နှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးမော်(ပုလော)