ကော့သောင်းမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ကော့သောင်း မေ ၉

၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့က ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ (အုပ်ချုပ်ရေးအဖွဲ့)မှ ခရိုင်တပ်ဖွဲ့မှုး ဦးကိုကိုကြီး ဦးဆောင်သော တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား အလှူရှင်မိသားစုမှ ခွန်အားဖြည့်အချိုရည်နှင့် ကြက်ဥများ လာရောက်ထောက်ပံ့ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)