ထားဝယ် မေ ၉
“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာဆိုင်းဘုတ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်၊ ခရိုင်ပညာရေးမှူး ဦးမျိုးလွင်တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးသည်။
ထို့နောက်တာဝန်ရှိသူများက ကျောင်းအပ်နှံရေး ပိုစတာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများတို့က အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာများ စိုက်ထူပေးထားခြင်းဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သား၊သမီးများ ပညာ တတ်မြောက်ရေး၊ အသက်အရွယ်နှင့် လိုက်ဖက်ညီစွာ ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရက်ကို အချိန်မီသိရှိစေပြီး မိမိတို့ရင်သွေးသား/သမီးပညာရေးအတွက် ကျောင်းအပ်နှံနိုင်မည်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာရေးကျောင်းများတွင်ကျောင်းအပ်နှံရက်အား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃) ရက်နေ့မှ ဇွန်လ(၂) ရက်အထိ သတ်မှတ်ထားပြီး မြေစိုက်ပိုစတာ ဆိုင်းဘုတ်တွင်လည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)