လဲချား နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉)အုပ်စုတွင် ယနေ့နံနက် ၆နာရီမှ စတင်ကာ မဲရုံများဖွင့်လှစ်၍ ဆန္ဒမဲပေးနေကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း စသည့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားပြီး ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)