ကလော နိုဝင်ဘာ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာ ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၈)ရပ်ကွက် ကျေးရွာအုပ်စု (၂၆)အုပ်စုတွင် မဲရုံပေါင်း (၁၄၁)ရုံအား ယနေ့နံနက် ၆နာရီမှစ၍ ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမဲရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)