တာမိုးညဲ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးကို ယနေ့ နံနက်(၆)နာရီ အချိန်က သက်ဆိုင်ရာ ရပ်/ကျေး အတွင်းရှိ မဲရုံအသီးသီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူ လူထုများက ဆန္ဒမဲလာရောက်ပေးကြသည်။
ရှေးဦးစွာ မဲရုံတာဝန်ရှိများက မဲပုံးများအလွတ်ဖြစ်ကြောင်းကို ပြသခဲ့ပြီး မဲပုံးများကို စနစ်တကျ ချိတ်ပိတ်ခဲ့သည်။ ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ မဲရုံတာဝန်ရှိသူများက နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည် အသုံးပြုစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေ ကွာခြား၍ ဆန္ဒမဲပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
မူဆယ်မြို့၊ မဲဆန္ဒရှင်များ စိတ်အနှောက်အယှက်မဖြစ်ဘဲ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံတာဝန်ရှိ သူများက မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)