“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ဟိုပန်  နိုဝင်ဘာ ၈

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ဟိုပန်မြို့နှင့် ပန်လုံမြို့တို့တွင် ယနေ့နံနက် (၆)နာရီမှစတင်၍ မဲရုံအသီးသီးတွင် ပြည်သူများ  ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့မဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များအား မဲရုံတာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရေဖြင့် လက်ကိုသန့်စင်ခြင်း၊ နှာခေါင်းစည်းများဝေငှခြင်း၊ (၆)ပေအကွာ နေရာချထားပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

ဟိုပန်မြို့နယ်တွင် မဲဆန္ဒနယ်အမှတ်(၁)၌ မဲရုံ(၂၂)ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)၌ မဲရုံ(၂၁)ရုံ၊ စုစုပေါင်းမဲရုံ (၄၃)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၆၁၇)ဦးရှိကာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲရုံများတွင် ပြည်သူများ  ဆန္ဒမဲပေးလျက် ရှိကြောင်း သိရသည်။         

ခရိုင် (ပြန်/ဆက်)