တပ်ကုန်း နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော် တပ်ကုန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ သတ်မှတ်ထားသော စာသင်ကျောင်း၊ ခန်းမနှင့် ယာယီဆောင်များ စသည့်မဲရုံများ၌ တစ်ပြိုင်နက် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်၍ ဆန္ဒမဲပေးကြသည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈၀၈၇၉)ဦး၊ မဲရုံပေါင်း (၁၃၄) ရုံဖြင့် အထွေထွေရွေးကောက်ပွဲကြီးကျင်းပခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
တင်စိုးလွင်