နမ့်စန်(တ) နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးကို သက်ဆိုင်ရာ မဲရုံအသီးသီး၌ ယနေ့ နံနက် ၆ နာရီမှ စတင်၍ ကျင်းပလျက်ရှိရာ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ မဲဆန္ဒနယ် အမှတ်(၁) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ မဲဆန္ဒနယ် အမှတ်(၂)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦးနှင့် တိုင်းရင်းသားလွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်း (၃၆) ဦး၊ စုစုပေါင်း (၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့တွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၉၂၃၆၄ ဦးရှိပြီး မဲရုံ ၁၀၃ ရုံ ဖွင့်လှစ်၍ ရွေးကောက်ပွဲ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)