မန္တလေး နိုဝင်ဘာ ၈
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာမဲရုံများသို့ ဆန္ဒမဲများ စတင်ပေးနေကြပြီဖြစ်သည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ လာရောက် ပေးသူများအား မဲရုံပြင်ပကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးရည်ဖျန်းပေးခြင်း၊ Maskများနှင့် Face Shieldများ ဝေငှခြင်းများကို ပြုလုပ်ပေးလျက်ရှိပြီး ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်